Pages

Monday, October 3, 2011

အခု ငယ်ငယ်တုန်းက အသဲကွဲမျဉ်းကြောင်း တိမ်းစောင်းမှု့

ဝေး ရ မှ ဝေး ကို ဝေး ရ မှ ဆို တော့ လဲ ...
နင့် ကို ငါ ကမ္ဘာမကြေအောင် လွမ်းနေလိုက်တယ်
အရှေ့ကိုလျှောက် ၊ အနောက် ကိုပြန်ပြန်ရောက်တဲ့သတ္တ၀ါ
နင့် ကို လွမ်း ဖို့ လောက် တောင် ငါ က ခေတ် မ မှီ ဘူး
သွေး ခြေ ဥ တာ က အ စ ၊ သည်း ခြေ ပျက် တာ က အ ဆုံး
ပြက် နေ ကျ ပြက် လုံး တွေ ကြား ဘာ တွေ လာ လာ ငြိ နေ မှန်း မ သိ
အပ်ချုပ်ရာတစ်ပေါက်နှစ်ပေါက်
အ ပျင်း ထူ နေ တဲ့ စက္ကူ ရုပ် မ နင့် နောက် ကျော ကို
ငါ ဘာ ဓါး နဲ့ မ ထောက် ထား ခဲ့ ဘူး
ဒီနေ့ကမှော်အတက်နဲ့ဖန်ဆင်းထားတာမဟုတ်ဘူး
ဒါ ပေ မယ့် တ နေ့ လုံး သေ မင်း ဆီ ဖုန်း ခေါ် နေ တဲ့ အသံ တွေ ပဲ ကြား နေ ရ တယ်
ပြာ ဖြစ် သွား တာ လား
လက် ဖ မိုး ကို လှန် ကြည့် လိုက် ရင်
ကြယ် တွေ စား ကျက် ချ နေကျ ည အသေရှိ တယ်
ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ
ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ သွား စမ်း သွား စမ်း . . .
အံ တွေ ကြိတ် ထား ရ တာလဲနာလှ ပေါ့
အ ခု အ ချိန် အ ထိအမှောင်တွေ ငါ့ ကျောပေါ်ထိုးချနေတုန်း ပဲ
နင့် ကို ရက် ပေါင်းများ စွာ ၊ များ စွာ ကြာ အောင် လွမ်း နေ နိုင် ဖို့
တစ် နေ့ ကို တစ် ခါ ကိုယ့် ကို ကိုယ် မသဒ္ဓါ ဆွမ်း ကျွေး ပြီး အသက်ရှူမရပ်အောင်လွမ်း ခိုင်းနေရ
ဝေး ရ မှ . . . ဝေး ကို ဝေး ရ မှ ဖြစ် မယ် ဆို ရင် ဝေး ကို ဝေး သွား ကြ
နိ မိတ် မ ကောင်း သူ ရယ် အောက် နှုတ် ခမ်း လှ လှ လေး ကို မ သုံး ပါ နဲ့ တော့
ဒါ ဝေး ကို ဝေး ရ မယ့် အ ခါ မို့ လို့ ဝေး ကို ဝေး ပြစ် ရ မယ်
ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ....
ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ... အ တွေး နဲ့ တင် ငါ က ၊ က လေး တစ် ယောက် လို မျိုး
ကိုယ့် ဦး နှောက် ကိုယ် အ မဲ ပြန် လိုက် သ လို မျိုး ၊ မ ချိ မ ဆန့် က လေး ဆန် ဆန် ငို တယ်
အ ခု ချိန် အထိ နင့် ကို လွမ်း ဖို့ လောက် ငါ့ ဦး နှောက် က ခေတ် မ မှီ ဘူး . . . . .
ဝေး ရ မှ . . .ဝေး ကို ဝေး ရ မှ ဆို တော့ လဲ . . . ။
ရုပ်သေး

No comments:

Post a Comment