Pages

Friday, July 22, 2011

ငလည်မလေးသို့

မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုနဲ့ အမျိုးတော်ချင်နေတဲ့ ..
ငလည်မလေးရေ...
မျက်ရည်တွေကို စားတဲ့ ညဒီလိုညမျိုးမှာပေါ့ ..
ခေါက်ရိုးကျိုးဘ၀ထဲက ဆွဲထုတ်သွားမယောင်နဲ့ 
မီးပူတိုက်ဘ၀ထဲ..အတင်းဆွဲထည့် ရက်ခဲ့ တယ်..
ပါးစပ်ဖျားမှာ..အဘယ်ဓါးသွားတွေ ဆင်ယင်လို့ ..
ငါ့ နိုင်ငံတော်ကို သိမ်းခဲ့ တာလဲ..
အတိတ်စာမျက်နှာတစ်ချို့ ကိုနောင်တ နဲ့ ပြန်ကိုမကြည့် ချင်တော့ ဘူး
ငလည်မလေးရေ..
မေတ္တာတရား ဆင်းရဲနေရှာတဲ့ 
ငါ လို့ အညတရကောင်ဆီကနေ..
မရှိမဲ့ ရှိမဲ့ နဲ့ ..ပုံအောလိုက်ရတဲ့ အချစ်တွေနင်ခိုးသွားတာလေ..
ခုပြန်ပေးပါ..
ငလည်မလေးရေ..
နှုတ်ခမ်းနီရဲရဲလေးတွေနဲ့ ...
ငါ့ ညတွေကို... အဆိပ်ခပ်ခဲ့ တာကိုး..
သက်ပြင်းတွေဝေနေအောင်ချလို့ ..
ငါ..အိမ်မက်တွေထဲကနေရုန်းထွက်နေရတယ်..
ငလည်မလေးရေ...
တစ်ခါ ၊ နှစ်ခါလိမ်ရင် လိမ်တဲ့ လူအပြစ်တဲ့ ..
ခုငါ အကြိမ်ပေါင်းများစွာအလိမ်ခံရတော့ ..
အချစ်ရဲ့ အပြစ်ပဲထားလိုက်ပါတော့ ..
စကားလုံးအဆန်းတွေမသုံးပဲနဲ့ ..
ပါးစပ်အဟောင်းသားဖြစ်အောင်နင်..
ဇာတ်ပေါင်းများစွာကို ခင်းကျင်းပြခဲ့ တယ်ငါဟာ...
နှလုံးသားမှာပန်းကုံးတော့ အစွပ်ခံရသားကွဲ့ ..
လွမ်းသူ့ ပန်းခွေဖြစ်နေတာခက်တယ်..
ငလည်မလေးရေ...ငါဟာ..
အစက်အပြောက်တွေလို
သေးကွေးစွာနေရင်းရက်ရာဇာအိမ်မက်တွေမက်နေခဲ့ တာ..
ခုဆို..လွင့် လိုက်ရတာလေ..အလွမ်းမြို့ ရိုး...ကိုဟိုး...အထိရောက်အောင် ဆောက်ပစ်လိုက်တယ်.................................
တစ်နှစ်သုံး.......အဲ့ဒီအချိန်တုန်းက..
မျက်စိမှိတ်နေခဲ့ တာပေါ့ ..ရွှေရောင် အနာဂါတ်များငါ့ ..
နှုတ်ခမ်းပေါ်ကျဲချမလားလို့ လေသူမစကားလုံးများဟာ...
ပဉ္စလက်အတတ်ပါလေရဲ့ ..
မျက်စိဖွင့် ကြည့် လိုက်ချိန်မှာတော့ ..
သူမ...မှော်သွင်းထားတဲ့ အရာအားလုံးဟာမီးခိုးလုံးပဲဖြစ်ခဲ့ ပေါ့ ..
(ရင်ခွင်ရှိန်း)

No comments:

Post a Comment