Pages

Monday, October 24, 2011

ဘဝ

အဓိပ္ပါယ်ရှိရှိ သေဖို့အတွက်ကတော့...
ခေါင်းထဲမှာ အမှိုက်တွေ မရှိမှ ကောင်းမယ်..
အတ္တတွေ ၊ မာနသံတွေ ၊ လောဘဒေါသတွေ..
အားလုံးကို ရှင်းပစ်လိုက်ပြန်တော့လည်း..
နေရထိုင်ရတာကိုက ဂွကျပြန်ရော...
သိပ်ခက်မှာတော့မဟုတ်ပါဘူး...
လူပီ သ လာလေ....အသက်ရှူဖို့ ၀န်လေးလာတာ မဆန်းတော့ပါဘူး....
(လက်ရုံး)

Friday, October 14, 2011

ဗေဒါတွေပြန်ပွင့်နေပြီ

ဗေဒါတွေပြန်ပွင့် နေပြီ
ဗေဒါတွေပြန်ပွင့် နေပြီ
ဗေဒါတွေပြန်ပွင့် နေပြီ ...မိဗေဒါ
နင်ခင်းထားခဲ့ တဲ့ လမ်းလေးလဲ...ငါနဲ့ ပနံသင့် နေပြီ...
အရည်ပျော်မတတ်..ညွှတ်ကွေးချင်နေတဲ့ မိုးတိမ်တွေလေ
ငါ့ ကို အမြဲဖျားယောင်းနေတယ်...
ဟုတ်တယ် မိဗေဒါ....
ငါဆိုတာ .... ကြေကွဲခွင့် မရတဲ့ ..လွင်ပြင်တစ်ပုဒ်ပေါ့ 
နင်မှတ်မိသေးလား ...မိဗေဒါ...
ငါကောင်းကင်ကြီးကို ထက်ခြမ်းခွဲပြတုန်းကလေ...
ကြယ်တွေခွက်ထိုးခွက်လန် ရယ်ကြတာကို....နင် မျက်လုံးအ၀ိုင်းသားလေးနဲ့ ....ပေါ့ ..
နင်လည်းမေ့ မယ်မထင်ပါဘူး မိဗေဒါရယ်....
သံယောဇဉ်ဆိုတာ....မေ့ ကောင်းတဲ့ အရာမှ မဟုတ်တာ....
မိဗေဒါရေ....နင့် လက်ဖ၀ါးတစ်စုံတည်းနဲ့ ...
ငါ့ ကောင်းကင်ကို ဖန်တီးလို့ ရတာ အံ့ ရောငါကလည်း....
ရာဇ၀င်ထဲက.....နေ..မနည်းရုန်းကန်ထွက်လာရတာလေ........
အက်စစ်မိုးတွေ သွန်းဖြိုးနေချိန်မှာ....ငါ့ ကိုလည်း နတ်ဆိုးတို့ ..
ဂါထာမန္တန်ရွတ်လို့ ..လမ်းခွဲစေတဲ့ ကံကြမ္မာက မျက်စိမပါဘူး...မိဗေဒါရေ..
ငါကလည်းခက်တယ် မိဗေဒါရေ...
ကေသရာဇာ ခြင်္သေ့ မင်းလို လည်ဆံတစ်ဖွားဖွားနဲ့ ..လမ်းများချင်နေတဲ့ ကောင်လေ
ဂျစ်ပစီ...ဆုံမှတ်မှာ......ကျေးဇူးပြု၍ပေါ့ ..
နင် ငါ့ ကိုဘာမှ မပုံအပ်ခဲ့ ပါနဲ့ ....မထိုက်တန်သူလို့ ....
ငါသတ်မှတ်ထားတဲ့ ...နင်ဟာ...သက်တန့် လေးပါ.....
နေရောင်မလာခင်လေးပဲ....ငါ့ ဝင်ရိုးစွန်းတွေကနေ..နင်တွားသွားပြလေ...
ငါဟာ..ခုဆို...မိုးတိမ်တွေလိြုေ ကကွဲနေတယ်...
ည..တွေလို ခံစားတယ်...
တစ်ခါတစ်ရံဆို...မှောင်ရီပျိုးပျက်နေတဲ့ ..
ညနေခင်း..ထဲ..လွယ်အိတ်အညိုလေးနဲ့ 
မနက်ဖြန် ဆို...မနက်ဖြန် ဆို....ဟင့် အင်း...ငါမတွေးရဲတော့ ဘူး မိဗေဒါရေ...
မိဗေဒါရေ...နင်ကတော့ ကြာရွက်ပေါ်တင်ချင်ခဲ့ မိတဲ့ ..
အတိတ်က အိမ်မက်မိုးရေစက်တွေကို နာကြည်းနေလောက်ပြီ..
ငါကတော့ ....ငါကတော့ ပေါ့ .......မိဗေဒါရယ်..
မပြောတော့ ပါဘူး....ငါပြောလည်း.....နင်က..ငါ့ ကို...
ဂန္တ၀င်ပုံပြင်တစ်ပုဒ်လောက်ပဲထင်မှာ....ဟုတ်တယ်မိဗေဒါရေ.....
ကြည့် တာနဲ့ မြင်တာဟာ...ထပ်တူမကျဘူး...
အစက်အပြောက်လေးတွေလို...ငါဟာ ..ကျဉ်းမြောင်းတယ်..
နင်က .... တော့ အဖြေမရှိတဲ့ ပုစ္ဆာပေါ့ ...
တစ်နေ့ နေ့ တော့ ငါတို့ 
...........................
ငါ.....................
တို့ ......
ဗေဒါတွေပြန်ပွင့် နေပြီ ..မိဗေဒါရေ...
ငါဆိုတာကြေကွဲခွင့် မရတဲ့ လွင်ပြင်တစ်ပုဒ်ပေါ့ ...
(ရင်ခွင်ရှိန်း)

Monday, October 3, 2011

အခု ငယ်ငယ်တုန်းက အသဲကွဲမျဉ်းကြောင်း တိမ်းစောင်းမှု့

ဝေး ရ မှ ဝေး ကို ဝေး ရ မှ ဆို တော့ လဲ ...
နင့် ကို ငါ ကမ္ဘာမကြေအောင် လွမ်းနေလိုက်တယ်
အရှေ့ကိုလျှောက် ၊ အနောက် ကိုပြန်ပြန်ရောက်တဲ့သတ္တ၀ါ
နင့် ကို လွမ်း ဖို့ လောက် တောင် ငါ က ခေတ် မ မှီ ဘူး
သွေး ခြေ ဥ တာ က အ စ ၊ သည်း ခြေ ပျက် တာ က အ ဆုံး
ပြက် နေ ကျ ပြက် လုံး တွေ ကြား ဘာ တွေ လာ လာ ငြိ နေ မှန်း မ သိ
အပ်ချုပ်ရာတစ်ပေါက်နှစ်ပေါက်
အ ပျင်း ထူ နေ တဲ့ စက္ကူ ရုပ် မ နင့် နောက် ကျော ကို
ငါ ဘာ ဓါး နဲ့ မ ထောက် ထား ခဲ့ ဘူး
ဒီနေ့ကမှော်အတက်နဲ့ဖန်ဆင်းထားတာမဟုတ်ဘူး
ဒါ ပေ မယ့် တ နေ့ လုံး သေ မင်း ဆီ ဖုန်း ခေါ် နေ တဲ့ အသံ တွေ ပဲ ကြား နေ ရ တယ်
ပြာ ဖြစ် သွား တာ လား
လက် ဖ မိုး ကို လှန် ကြည့် လိုက် ရင်
ကြယ် တွေ စား ကျက် ချ နေကျ ည အသေရှိ တယ်
ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ
ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ သွား စမ်း သွား စမ်း . . .
အံ တွေ ကြိတ် ထား ရ တာလဲနာလှ ပေါ့
အ ခု အ ချိန် အ ထိအမှောင်တွေ ငါ့ ကျောပေါ်ထိုးချနေတုန်း ပဲ
နင့် ကို ရက် ပေါင်းများ စွာ ၊ များ စွာ ကြာ အောင် လွမ်း နေ နိုင် ဖို့
တစ် နေ့ ကို တစ် ခါ ကိုယ့် ကို ကိုယ် မသဒ္ဓါ ဆွမ်း ကျွေး ပြီး အသက်ရှူမရပ်အောင်လွမ်း ခိုင်းနေရ
ဝေး ရ မှ . . . ဝေး ကို ဝေး ရ မှ ဖြစ် မယ် ဆို ရင် ဝေး ကို ဝေး သွား ကြ
နိ မိတ် မ ကောင်း သူ ရယ် အောက် နှုတ် ခမ်း လှ လှ လေး ကို မ သုံး ပါ နဲ့ တော့
ဒါ ဝေး ကို ဝေး ရ မယ့် အ ခါ မို့ လို့ ဝေး ကို ဝေး ပြစ် ရ မယ်
ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ....
ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ... အ တွေး နဲ့ တင် ငါ က ၊ က လေး တစ် ယောက် လို မျိုး
ကိုယ့် ဦး နှောက် ကိုယ် အ မဲ ပြန် လိုက် သ လို မျိုး ၊ မ ချိ မ ဆန့် က လေး ဆန် ဆန် ငို တယ်
အ ခု ချိန် အထိ နင့် ကို လွမ်း ဖို့ လောက် ငါ့ ဦး နှောက် က ခေတ် မ မှီ ဘူး . . . . .
ဝေး ရ မှ . . .ဝေး ကို ဝေး ရ မှ ဆို တော့ လဲ . . . ။
ရုပ်သေး