Pages

Monday, January 24, 2011

ကျွန်ကောင်းလျှင် သင်ဆိုးချင်ဆိုးပါ..



သူများနည်းတူ ငါလည်းရေခတ်ဆင်းခဲ့တာပဲ....
ဘာကြောင့်ငါ့အလှည်ကျမှ ဝေဆု ကုန်တာနဲ့ချည်းတိုးနေရတာလဲ...
တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် သုံးကြိမ်မဟုတ်တဲ့ တိုက်ဆိုင်မူ့တွေဆိုတော့...
ဖြုတ်ပြီးသား စနက်တံကို ဘယ်သူမှမသိအောင် အသာပြန်တပ်ခဲ့ဘူးတာလည်း တစ်ခါမကဘူး....
ပြက္ခဒိန်တခုမှာ နံပါတ်တခုပြောင်းတပ်လိုက်တာနဲ့ နေ့တစ်နေ့ပြောင်းသွားတာကို လက်မခံလို့မှမရတာ...
အပြင်ဆုံးအပူတွေနဲ့ ငါ့ကိုအရည်ဖျော်ပါ ပုံစံခွက်ထဲ ထည့်ဖို့မကြိုးစားပါနဲ့...
ခေါက်ရိုးကြိုးနေတဲ့ အယူသီးမူ့တွေနဲ့ ဇာတ်သိမ်းခန်းမရှိတဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်လို က က ပြီးတော့မှာမှ မဟုတ်တာ...
ဖျက်ဖို့မကြိုးစားပါနဲ့ ငါရေးထားတဲ့ စာရွက်က အရမ်းပါးပါးလေးပေါ်မှာ ဆိုတော့....

No comments:

Post a Comment