Pages

Tuesday, April 13, 2010

အီးတီလေး မွေးနေ့




မြန်မာပြည်ရဲ့ အပူဆုံးလလို့ ခေါ်ရလောက်တဲ့
ဧပြီလဖွားသူရေ.........
အပူဆုံးလမှာမွေးပေမဲ့ ငါ့အတွက်တော့ ရေခဲတုံးပဲ....
ပါးချိုင့်လေးက မွေးရာပါအမှတ်အသားလေ.. အိမ်နံမည် မိနှောင်းတဲ့...
ဂျာနယ်ကျော်မမလေး သာရှိနေသေးရင်
ငါလဲ ဧပြီ (၁၃)မှာမွေးတာလို့ ဝင်ပြောမှာသေချာတယ်၊
Aries born ဆိုတော့ အသိညဏ်အရာမှာ ပြောင်မြောက်သူတဲ့.ချစ်ခြင်းမေတ္တာကိုထုတ်ဖော်မပြောတတ်ပေမဲ့...
ဟန်ဆောင်မူ့ကင်းတယ်တဲ့၊
ပြောင်းပြန်အချိုးကျနေလို့
သမီးကိုသိချင် အမေကိုအရင်ကြည့်ဆိုတဲ့စကား
မှားတယ်လို့ တရားဝင်ကြေညာတော့မယ်.....
ဆေးရုံမှာများ တခြားကလေး တစ်ယောက်နဲ့များ မှားခဲ့လေရော့ သလားကွယ်..
(ငသိုင်းချောင်သား)

1 comment:

  1. ဒီကဗျာ လေးကတော့ သဘောကျသွားပြီ မိုက်တယ် ဆရာကဒါမျိုးတွေလည်းရတာပဲနော်

    ReplyDelete