Pages

Thursday, August 26, 2010


ကျွန်တော့်ရဲ့တစ်ဦးတည်းသော ချစ်ညီလေးနဲ့ မိခင်ကြီး။
၂၃.၀၉.၂၀၀၁ နေ့.....သတိရနေဆဲပါ မိခင်ကြီး

Wednesday, August 25, 2010


အမေဟု ခေါ်ဆိုသော်လည်း ကျွန်တော်တို့အားလုံးရဲ့ အမေမဟုတ်ပါ၊မိခင်ကြီးသာဖြစ်ပါသည်။
မိခင်ကြီး..........မိခင်ကြီး
ကျွန်တော့် ဘဝ ရဲ့ HERO (သူရဲကောင်း)ပါ၊

Thursday, July 29, 2010

KARATAEDO ခါတကစားကွက်

အဲဒီတုံးက အရမ်းပျော်ဖို့ကောင်းတာ မှတ်မိသေးတယ်...ရေကြည်မှာလဲ KARATAEDO CLUB ရှိတယ်လေ...ဒါပေမဲ့ ငသိုင်းချောင်းက club ကိုဖိတ်ခေါ်ပြီး သရုပ်ပြခိုင်းတာလေ...သူတို့ထက်တော်တယ်ပေါ့..ဟဲဟဲ တကယ်လဲတော်ပါတယ် ကျွန်တော်ပါတာကိုး

KARATAE CLUB (NGATHAINGCHAUNG)

1992-1993 လောက်ကပေါ့ ငသိုင်းချောင်း ကရာတေးဒို ကလပ် နယ်စကားနဲ့ပြောရင်တော့ ကျောင်းကြီး(B.E.H.S, NGATHAINGCHAUNG)မှာပေါ့ သင်တန်းဆရာ က ကိုကြည်ဟန်

နုပျိုစဉ် အရိပ်များ

၉တန်း တုံးကပေါ့ သူငယ်ချင်းတွေနဲ့ ဆရာမ နံမည်ပါ မမှတ်မိတော့ဘူး...
B.E.H.S (NGATHAINGCHAUNG). ဆန္ဒနဲ့ ဘဝ တထပ်တည်းကျဘို့ ကြိုးစားကြတာပဲ...ပြန်မရတော့ပေမဲ့ ပြန်ရောက်တိုင်းလဲ အမှတ်တွေရနေတုံးပါပဲ..

Wednesday, May 5, 2010

နှစ်ပေါင်းသုံးဆယ်ခုနစ်

မနေ့ည တစ်ဆယ့်တစ်နာရီခွဲလောက်မှာ
တွင်းနက်နက်ကြီးတစ်ခုထဲကို
ငါ့ရဲ့အိပ်စက်ခြင်းတွေကို ဆွဲယူခြင်းခံခဲ့ရတယ်၊
ဘာမှမထူးခြားသေးဘူး.....အရင်လိုပါပဲ
အရွယ်လွန်နေတဲ့ သမင်အိုမကြီးရဲ့
ကဂျောက်ဂနဲ့ မွေးထုတ်ပေးနေတဲ့
ရင်သွေးငယ်လေးလဲ..
ဝံပုလွေနောက်ပါသွားပြန်ပြီ၊
ဝမ်းမနည်းတတ်တဲ့အကျင့်က မွေးရာပါလိုဖြစ်နေပြီ
ရစ်လုံးရဲ့ထိမ်းချုပ်ရာခံနေရတဲ့
စွန်ကြိုးလိုပဲ ငါ့ကိုလျှော့လိုက်တင်းလိုက်နဲ့
လောကကြီးရဲ့ကျီစယ်ရာကို ရေလိုက်ငါးလိုက်
နေပေးခဲ့တာ သုံးနဲ့ခုနှစ်ကဟေစက်ဖို့
ရက်ပိုင်းမျှသာလိုပါတော့သည်။...........

Tuesday, May 4, 2010

အမြန်ပြန်ခဲ့လိုက်ငါ့ဆီကို.....

မင်းမရှိတော့....လတ်ဆတ်ပူနွေးတဲ့

မနက်စာနဲ့ ဝေးခဲ့ရပြီပေါ့

မင်းမရှိတော့....လတ်ဆတ်တဲ့

အပြုံးတွေလဲ တံဆာမဲ့ခဲ့ပြီပေါ့

မင်းမရှိတော့....လတ်ဆတ်နွေးထွေတဲ့

ကိုယ်နွေးထည်လဲ ပျောက်ဆုံးခဲ့ပြီပေါ့

မင်းမရှိတော့....ဘယ်သူမှသတိမထားမိတဲ့

လောကအလှတရားတွေလဲ ရှင်းပြခွင့်မဲ့ခဲ့ပြီပေါ့

မင်းမရှိတော့....

မင်းမရှိတော့....

မင်းမရှိတော့....

Tuesday, April 13, 2010

အီးတီလေး မွေးနေ့




မြန်မာပြည်ရဲ့ အပူဆုံးလလို့ ခေါ်ရလောက်တဲ့
ဧပြီလဖွားသူရေ.........
အပူဆုံးလမှာမွေးပေမဲ့ ငါ့အတွက်တော့ ရေခဲတုံးပဲ....
ပါးချိုင့်လေးက မွေးရာပါအမှတ်အသားလေ.. အိမ်နံမည် မိနှောင်းတဲ့...
ဂျာနယ်ကျော်မမလေး သာရှိနေသေးရင်
ငါလဲ ဧပြီ (၁၃)မှာမွေးတာလို့ ဝင်ပြောမှာသေချာတယ်၊
Aries born ဆိုတော့ အသိညဏ်အရာမှာ ပြောင်မြောက်သူတဲ့.ချစ်ခြင်းမေတ္တာကိုထုတ်ဖော်မပြောတတ်ပေမဲ့...
ဟန်ဆောင်မူ့ကင်းတယ်တဲ့၊
ပြောင်းပြန်အချိုးကျနေလို့
သမီးကိုသိချင် အမေကိုအရင်ကြည့်ဆိုတဲ့စကား
မှားတယ်လို့ တရားဝင်ကြေညာတော့မယ်.....
ဆေးရုံမှာများ တခြားကလေး တစ်ယောက်နဲ့များ မှားခဲ့လေရော့ သလားကွယ်..
(ငသိုင်းချောင်သား)

Thursday, April 8, 2010

အားရင်ရေးဖြစ်တဲ့ကာရံမဲ့

အားရင်ဆိုတာ တရုပ်မလေးနံမည်မဟုတ်ပါ၊
အပျော်လွယ်တယ်ဆိုတာ အရည်ပျော်မှတ်နိမ့်လို့ပဲ
သဘောထားစမ်းပါ....
ပိုးဖလန်က မီးကိုမှတိုးတာမဟုတ်ဘူး....
သစ်စိမ်းကိုင်းချိုးပြီး မီးချောင်းမှာချိတ်ဆွဲဘူးရင်သိလိမ့်မယ်၊
ခေတ်တွေပြောင်းကုန်ပြီတဲ့....
အရစ်တိုတယ်ခေတ်....ဆိုကရေးသီးခေတ်....
ခေတ်တွေဘယ်လိုပြောင်းပြောင်း
ဥပဒေတွေ ဘယ်လိုပြောင်းပြောင်း
မပြောင်းသေးတာ လူတွေစရိုက်နဲ့
ကျူးလွန်တဲ့အပြစ်တွေက မပြောင်းနိုင်သေးဘူး..
မောတယ်လေ...
(ငသိုင်းချောင်းသား)

Wednesday, April 7, 2010

ငါ့အရိပ်ကိုနင်းတဲ့ ငါ့ခြေရာ

ဘယ်လိုလုပ်မလဲ....
ငါဟာ သူ့ခြေဖမိုးအောက်မှာပဲ
အစွယ်ကျိုးချင်နေတဲ့ မြွေဆိုးတကောင်လိုပဲ....
သြော်...
ဘာလိုလိုနဲ့ တောလမ်းလျှောက်ခဲ့တာ
သက်တမ်း ၁၀နှစ်ပြည့်တော့မယ်။
(ငသိုင်းချောင်းသား)

Tuesday, April 6, 2010

အလွမ်း

ကြယ်ကြွေတွေအလုအယက်
အိတ်ပေါက်နဲ့ လိုက်ကောက်ခဲ့.......ည
အဲဒီ....ညရှည်ရှည်မိုးနံရံထက်
ကြယ်ပွင့်တွေ တစ်ပွင့်ချင်း ပြန်ချိတ်တွယ်ခဲ့
ဒီ.......တစ်ညသာမှာပေါ့။
နှင်းဆီတစ်ခိုင် ခေါင်းတက်ပွင့်ချင်လို့
မြေကြီးကို လေပေါင်အပြည့်ထိုးဖူးခဲ့တယ်
ကံကြမ္မာက ကိုယ့်ဘက်မှာ ရှိမယ်လို့ပြောပြီး....
အခုတော့......ကတိပျက်သွားခဲ့ပြန်.....။
နွေကို ချိုးပြီး
မိုးမှာနေထုတ်လှန်းရတဲ့ဇာတ်.....။
အိုးစားကွဲခဲ့ရ ဆောင်းပျိုမလေးရေ
ရင်ထဲသာ တေးမှတ်ထားလိုက်တော့မယ်
ကြာတော့ ကြာခဲ့ပါပြီ
ချစ်သူ့နောက်ကျော ပါးလှပ်လှပ်ကလေး
အကိုင်းသစ်မှာ ပွင့်ခဲ့စဉ်က.....
အလွမ်းခါးရှရှတွေ မူးမူးရူးရူး သောက်ခဲ့ရ
သြော်
ပိတောက်တွေတောင် ပွင့်ပြန်တော့မယ်၊
(နရီ-မြိတ်)

Tuesday, March 16, 2010

(...........)

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း...
အိပ်မက်သိမ်းတမ်း ပြူစားတတ်တဲ့ ရွာသူရေ..
ရင်ခုန်သံတွေကိုပဲ ခေါစာပစ်လိုက်တယ်
သခင်မ.......
ပျော်ပါ..ပါးပါ...စားပါ..သောက်ပါ..
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကောင်ကိုလည်း အပြစ်ကလွတ်တော်မူပါ..
မီးစတဖက်..ရေမှုတ်အဖက်
အကြည့်လတ်လတ် တွေကိုလည်း
ပေးသနားတော်မူပါ..
တရားဝင်စစ်ကြေညာပြီးမှ မတွယ်တာရရင်
ဘာမှမလုပ်ချင်ဘူးဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ။
(မင်းခိုက်စိုးစံ)

ဆရာဇော်ဂျီရဲ့  မဗေဒါ

ညိုပြာပြာ လတာပြင် ခြေရင်း
လိုင်းတက်ရာ ဗေဒါတက်၊ လိုင်းသက်ရာဆင်း
ဆင်းရလဲမသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောဆုံလို့လာ
အဆင်းနဲ့အလာ ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မ သက်သာ
နောက်တချီ ဒီ တလုံးက ဖုန်းလိုက်ပြန်ပါ၊
မြုတ်လေပေါ့ ပေါ်မလာ မဗေဒါ အလှ
တလံကွာ လိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ၊
ပေါ်ပြန်လည်း မ သက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲ ထွက်လို့လာ၊
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တပင်ထဲ၊
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ။

Friday, March 12, 2010

စိတ်ထဲရှိတာ အံထုတ်မယ်

ဝါသနာတူရင် ယူရေနီယံထည့်ပြီး
ကမ္ဘာပတ်မယ်...လိုက်ရဲရင် လိုက်ခဲ့....
ရင်ခုန်သံတွေ လာမပြောနဲ့
မင်းခြေစုံကန်ရင်တောင် ငါကြိုးစားပြီး အပြုံမပျက်နေပေးမယ်။
ငါရှာတာ မင်းအတွက်ချည်းမဟုတ်ဘူးလို့ စိတ်မပျက်နဲ့
ရခဲ့တာ ဒုတ္ခတွေချည်းမို့၊
ငါမြိုချခဲ့တာတွေလဲ အစာကြေလောက်ပြီ၊
ကောင်းကင်ကြီးက ဝမ်းယားမှောက်ပြီး အံချတိုင်း...
သွေးမပျက်ခဲ့ဘူး..
အလင်းရောင်ရှိနေသရျွှ် ငါ့အရိပ် မပျောက်စေရဘူး။
(ငသိုင်းချောင်းသား)