Monday, January 19, 2015
Wednesday, January 14, 2015
ဖျာ
တစ်ကယ်က ဖျာသည်မလို့ ခေါ်တိုင်း သီရိမင်္ဂလာဈေးမှာ
ဖျာသည်တွေပါးလာတာသိတယ်။
ကျွတ်ကျမဲ့ဖိနပ်ကိုပဲ သဲကြီးမဲကြီး ကုန်းကိုက်နေတော့တာပဲ
တယ်လေ.... ငါ ဒီ ထမီ ။ မလိုအပ်တဲ့အခါ သိပ်ခိုင်တယ် ။
ခါးကြားထဲကဖုန်းလို့ အသုံးသိပ်များတယ် ။
ဖုန်းထားတဲ့ကြားက ခါးကလည်းသိပ်ပေါ်တာပဲ
ဖျာပေါ်မှာတင်ကောက်ရတဲ့ ငွေ (၂၀၀၀) ကို ညည်းဘယ်လိုများသုံးလိုက်သလဲတဲ့ သမီး ဖျာနာကိုက်နေတယ် ။ သင်ဖြူးဖျာလား ကော်ဇော်ဖျာလား ။
ဖျာပေါ်ကရတဲ့ငွေဟာ ရောဂါလား ဒါမှမဟုတ် သမီးလေးပါးစပ်ထဲက ချိုချဉ်လေးလား ကျောင်းလွယ်အိတ်လား
သိန်းတစ်ထောင်လောက်ပေါက်ရင်သိပ်ကောင်းမှာပဲ ။
အဲဒါဆို ယောက္ခမကိုအရင်သတ် တဲ့ ။
ရှင့်ဦးရေဖျားပေါ်မှာ ကျမ ကျွတ်ကျခဲ့တဲ့ အမွှေး (ဘာအမွှေးလဲ မမေးနဲ့ )
ရှင်တို့ လူတွေများဟာလေ လိင်ဇာတ်နဲ့ ဆဲရေးတိုင်းထွာခြင်းကို
ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းလိုထင်ကြပြီး
အဲ့ဒီ ...လိင်ကိစ္စဆို သိပ်ဝါသနာပါကြတာပဲ ။ လက်ညှိုးဆိုတာနဲ့ ထိုးဖို့ ပဲမြင်တော့တယ် ကျမတို့ ဆို လက်ညှိုးလည်းကိုက်တာပဲ လက်ခလယ်လည်းကိုက်တာပဲ ။
ဒါစီးပွားရေးပဲ ဒါကြီးပွားရေးပဲ ဒါကျမရဲ့ဒုတိယမြောက်အပြုံးပဲ ။
ဖျာကားစီးချင်တဲ့သူတွေ ဖိလစ်ပိုင်သွားစရာမလိုသလို
ကျမလည်း ဖျာပေါ်ကနေ စတော့ရှယ်ယာတွေကို ကစားနိုင်တယ်။
ကျမ ရွှေ့ နိုင်တယ် ။ အမေမွေးတုန်းက ကျမဒီဖျာပေါ်မှာပဲ ။
ဖျာဟာ ကျမရဲ့ အပျိုစင်ဘ၀ကို ပန်းခူးသလိုလည်းမခူးဘူး
ဖျာက ကျမကို သေတ္တာတစ်လုံးလို ဖွင့်ပေးလိုက်တယ် ။
အလှူပွဲမှာသုံးတဲ့ဖျာ ၊
သံဃာတော်တွေထိုင်တဲ့ဖျာ ၊
အသုဘမှာသုံးတဲ့ဖျာ
ခေါင်းပေါ်ရွက်ရောင်းတဲ့ဖျာသည်တွေ
ဆိုင်မှာတင်ရောင်းတဲ့ဖျာသည်တွေ
လက်ဖက်ကောင်းကောင်းလေးကို ဖျာလေးပေါ်မှာစားမလား
ရေနွေးကြမ်းကို ဖျာလေးပေါ်မှာသောက်မလား
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့ ။
တယ်လေ ... ငါ ဒီထမီ ။ မလိုအပ်တဲ့အခါ သိပ် ခိုင်တယ် ။ (ရင်ခွင်ရှိန်း)
ဖျာလေ...ဖျာပဲလေ ...ဖျာပဲပေါ့
တစ်ကယ်က ဖျာသည်မလို့ ခေါ်တိုင်း သီရိမင်္ဂလာဈေးမှာ ဖျာသည်တွေပါးလာတာသိတယ်။
ကျွတ်ကျမဲ့ဖိနပ်ကိုပဲ သဲကြီးမဲကြီး ကုန်းကိုက်နေတော့တာပဲ
တယ်လေ.... ငါ ဒီ ထမီ ။ မလိုအပ်တဲ့အခါ သိပ်ခိုင်တယ် ။
ခါးကြားထဲကဖုန်းလို့ အသုံးသိပ်များတယ် ။
ဖုန်းထားတဲ့ကြားက ခါးကလည်းသိပ်ပေါ်တာပဲ
ဖျာပေါ်မှာတင်ကောက်ရတဲ့ ငွေ (၂၀၀၀) ကို ညည်းဘယ်လိုများသုံးလိုက်သလဲတဲ့
သမီး ဖျာနာကိုက်နေတယ် ။ သင်ဖြူးဖျာလား ကော်ဇော်ဖျာလား ။
ဖျာပေါ်ကရတဲ့ငွေဟာ ရောဂါလား ဒါမှမဟုတ် သမီးလေးပါးစပ်ထဲက ချိုချဉ်လေးလား ကျောင်းလွယ်အိတ်လား
သိန်းတစ်ထောင်လောက်ပေါက်ရင်သိပ်ကောင်းမှာပဲ ။
အဲဒါဆို ယောက္ခမကိုအရင်သတ် တဲ့ ။
ရှင့်ဦးရေဖျားပေါ်မှာ ကျမ ကျွတ်ကျခဲ့တဲ့ အမွှေး (ဘာအမွှေးလဲ မမေးနဲ့ )
ရှင်တို့ လူတွေများဟာလေ
လိင်ဇာတ်နဲ့ ဆဲရေးတိုင်းထွာခြင်းကို ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းလိုထင်ကြပြီး
အဲ့ဒီ ...လိင်ကိစ္စဆို သိပ်ဝါသနာပါကြတာပဲ ။
လက်ညှိုးဆိုတာနဲ့ ထိုးဖို့ ပဲမြင်တော့တယ်
ကျမတို့ ဆို လက်ညှိုးလည်းကိုက်တာပဲ
လက်ခလယ်လည်းကိုက်တာပဲ ။
ဒါစီးပွားရေးပဲ ဒါကြီးပွားရေးပဲ
ဒါကျမရဲ့ဒုတိယမြောက်အပြုံးပဲ ။
ဖျာကားစီးချင်တဲ့သူတွေ ဖိလစ်ပိုင်သွားစရာမလိုသလို
ကျမလည်း ဖျာပေါ်ကနေ စတော့ရှယ်ယာတွေကို ကစားနိုင်တယ်။
ကျမ ရွှေ့ နိုင်တယ် ။
အမေမွေးတုန်းက ကျမဒီဖျာပေါ်မှာပဲ ။
ဖျာဟာ ကျမရဲ့ အပျိုစင်ဘ၀ကို ပန်းခူးသလိုလည်းမခူးဘူး
ဖျာက ကျမကို သေတ္တာတစ်လုံးလို ဖွင့်ပေးလိုက်တယ် ။
အလှူပွဲမှာသုံးတဲ့ဖျာ ၊ သံဃာတော်တွေထိုင်တဲ့ဖျာ ၊ အသုဘမှာသုံးတဲ့ဖျာ
ခေါင်းပေါ်ရွက်ရောင်းတဲ့ဖျာသည်တွေ
ဆိုင်မှာတင်ရောင်းတဲ့ဖျာသည်တွေ
လက်ဖက်ကောင်းကောင်းလေးကို ဖျာလေးပေါ်မှာစားမလား
ရေနွေးကြမ်းကို ဖျာလေးပေါ်မှာသောက်မလား
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့ ။
တယ်လေ ... ငါ ဒီထမီ ။ မလိုအပ်တဲ့အခါ သိပ် ခိုင်တယ် ။
(ရင်ခွင်ရှိန်း)
Copy and WIN : http://bit.ly/copy_win

Tuesday, March 25, 2014
Monday, October 29, 2012
ဇာတ်ဆရာ အလိုကျ
သခင်
လိုရာသာနှင်ပါ
မကြင်နာပစ်ကာပြေး
လွှတ်တော့မပေးပါနှင့် ......
ဇာတ်ခုံရဲ့အလှ
ကြိုးဆွဲမှကရတဲ့
အကျွန့်ဘ၀နုနုရွကား
သခင့်လက်လှုပ် အလိုတော်တိုင်း
နှစ်ပါးသခွင်ဇာတ်သဘင်နှင့်
အနုပညာ
ထိပ်တန်းမှာတဲ့မြန်မာ .......
ကြိုးစားကာလှုပ်တုတ်တုတ်
ခေါင်း ခါး စုံ ခြေ လက်
ပရိတ်သက်ကိုဖြေဖျော်လျက်နဲ့
လက်ခုပ်သံသံတညံညံ
သခင့်ထံအပါလားဖို့တော့
ကကြိုးကကွက်ကြေညက်လို့နေ .......
မသေပါတဲ့ဒီဘ၀မှာ
ဇာတ်ဆရာကလည်း
ကို့လူသူ့ဘက်သား
ဘ၀အမှားကိုသာပျော်
ကံကြမ္မာကိုမော်လို့ကြည့်
ပျော်မိတာက
သခင်ဟာ
သူ့လူကို့ဘက်သား .......
မောမှန်းလည်းမသိ
အကျွန်ချစ်မိတဲ့
သခင့်လက်တွေညောင်းမှ
တယုတယထွေးပွေ့
နံရံထက်မှာချိတ်၍
ကြိုးပျက်မဲ့နက်ဖြန်တွေအတွက်
ရင်တွေလေးမိပါအံ့ ..... ။
လိုရာသာနှင်ပါ
မကြင်နာပစ်ကာပြေး
လွှတ်တော့မပေးပါနှင့် ......
ဇာတ်ခုံရဲ့အလှ
ကြိုးဆွဲမှကရတဲ့
အကျွန့်ဘ၀နုနုရွကား
သခင့်လက်လှုပ် အလိုတော်တိုင်း
နှစ်ပါးသခွင်ဇာတ်သဘင်နှင့်
အနုပညာ
ထိပ်တန်းမှာတဲ့မြန်မာ .......
ကြိုးစားကာလှုပ်တုတ်တုတ်
ခေါင်း ခါး စုံ ခြေ လက်
ပရိတ်သက်ကိုဖြေဖျော်လျက်နဲ့
လက်ခုပ်သံသံတညံညံ
သခင့်ထံအပါလားဖို့တော့
ကကြိုးကကွက်ကြေညက်လို့နေ .......
မသေပါတဲ့ဒီဘ၀မှာ
ဇာတ်ဆရာကလည်း
ကို့လူသူ့ဘက်သား
ဘ၀အမှားကိုသာပျော်
ကံကြမ္မာကိုမော်လို့ကြည့်
ပျော်မိတာက
သခင်ဟာ
သူ့လူကို့ဘက်သား .......
မောမှန်းလည်းမသိ
အကျွန်ချစ်မိတဲ့
သခင့်လက်တွေညောင်းမှ
တယုတယထွေးပွေ့
နံရံထက်မှာချိတ်၍
ကြိုးပျက်မဲ့နက်ဖြန်တွေအတွက်
ရင်တွေလေးမိပါအံ့ ..... ။
Saturday, March 3, 2012
လက်ဆောင် (မင်းခိုက်စိုးစန်)
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီးမေးကြည့်ရဦးမယ်
ချစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား.....လို့။
ငါက...မီးခိုးရောင် ခပ်များများနဲ့ကောင်ပါ
(ဘ၀မှာ မှောင်ရတာတွေပဲ များတယ်)
လိုအပ်ရင် မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့
အရာရာချို့တဲ့
ဘာဆိုဘာမှမဟုတ်တဲ့ ငနဲပေါ့။
တကယ်ပါ...မင်းအတွက်တော့ ငါဟာ
ဘာမှမဟုတ်ပါဘူး။
ဒါပေမယ့် အဲဒီ ဘာမှမဟုတ်ဘူး ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကိုသတိရတဲ့အခါ
မကြာမကြာ ထုတ် ထုတ်ကြည့်ချင်လို့။
လှောင်ရယ်သံတစ်ဝက်နဲ့
ခါးသက်သက်ပြုံးတတ်တဲ့
ငါရဲ့ ချစ်လှစွာသော ကော်ဖီမလေးရေ
ငါ ပိုင်ဆိုင်တဲ့အရာကို
မင်းကိုလက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။
ငါ့မှာ
မျက်ရည်ခံ မှဲ့တစ်လုံးရှိတယ်။

Wednesday, February 8, 2012
သာသည့်မြေ သို့.......
အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညှင်း
သင်းပျံ့ ခဲ့ သူခြံမှာ..။
ငါ့ခြံကြည့်ပြန်တော့
မချိပူပွေပြာခဲ
မြေပြာမှာ နေစာတောင်မတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့...
စိမ်းရင့်ရောင် နွယ်ခြုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်..
အားပျက်စရာ..။
သူ့စခန်း
သာဆန်းရဂုံသွင်မို့..
ငါလှမ်းကာခိုဝင်လို့..
ပြာငွေစင်ကြိုင်ပျံ့ ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တကိုယ်သာ
ရွှင်ပါချင် စိတ်ထဲ..။
သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့ 
ကျက်သရေ တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့ 
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့..
မနှေးပင် အားအင်ထုတ်လို့ရယ်..
ပေါင်းနှုတ်ဖို့  ခဲ..။
(ငွေတာရီ)
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညှင်း
သင်းပျံ့ ခဲ့ သူခြံမှာ..။
ငါ့ခြံကြည့်ပြန်တော့
မချိပူပွေပြာခဲ
မြေပြာမှာ နေစာတောင်မတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့...
စိမ်းရင့်ရောင် နွယ်ခြုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်..
အားပျက်စရာ..။
သူ့စခန်း
သာဆန်းရဂုံသွင်မို့..
ငါလှမ်းကာခိုဝင်လို့..
ပြာငွေစင်ကြိုင်ပျံ့ ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တကိုယ်သာ
ရွှင်ပါချင် စိတ်ထဲ..။
သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့ 
ကျက်သရေ တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့ 
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့..
မနှေးပင် အားအင်ထုတ်လို့ရယ်..
ပေါင်းနှုတ်ဖို့  ခဲ..။
(ငွေတာရီ)
Monday, October 24, 2011
ဘဝ
အဓိပ္ပါယ်ရှိရှိ သေဖို့အတွက်ကတော့...
ခေါင်းထဲမှာ အမှိုက်တွေ မရှိမှ ကောင်းမယ်..
အတ္တတွေ ၊ မာနသံတွေ ၊ လောဘဒေါသတွေ..
အားလုံးကို ရှင်းပစ်လိုက်ပြန်တော့လည်း..
နေရထိုင်ရတာကိုက ဂွကျပြန်ရော...
သိပ်ခက်မှာတော့မဟုတ်ပါဘူး...
လူပီ သ လာလေ....အသက်ရှူဖို့ ၀န်လေးလာတာ မဆန်းတော့ပါဘူး....
(လက်ရုံး)

Subscribe to:
Comments (Atom)